Wednesday, July 4, 2012

Posted by sawchit
No comments | 2:58 PM
မြန်မာငွေ စက္ကူ တသောင်း ကျပ်တန်ကို လာမည့် ဇွန်လ (၁၅) ရက် နေ့၌ စတင် အသုံးပြုတော့မှာ ဖြစ်ကြောင်း မြန်မာနိုင်ငံ ဗဟိုဘဏ်က ယမန်နေ့က ထုတ်ပြန် ကြေညာပါသည်။ ဤတသောင်းတန် ငွေစက္ကူ ကြောင့်လည်း ငွေကြေး ဖေါင်းပွမှာ မဟုတ်ဘူးလို့ ဗဟိုဘဏ် ဒုဥက္ကဌ ဖြစ်သူ ဦးမောင်မောင်ဝင်းက ဆိုပါသည်။

“ငွေပေးချေ မှုတွေမှာ ငွေစက္ကူ ကိုင်တွယ် ရတာ နည်းစေဖို့နဲ့ သယ်ယူ ရာမှာလည်း လွယ်ကူဖို့ အဓိက ရည်ရွယ်တာပါ။ ဒီတော့ ဒီငွေ ကျပ်တသောင်း တန်ကြောင့် ငွေကြေး ဖေါင်းပွမှာ မဟုတ်ပါဘူး၊ အရင်ကျပ် (၅၀၀၀) ထုတ်တုန်း ကလည်း ငွေကြေး မဖေါင်းပွ ခဲ့ပါဘူး။ ထုတ်နေကျ ပမာဏ အတိုင်း ငွေတန်ဘိုးကို ကျစ်လစ်အောင် ထုတ်တာ၊ ငွေကြေး ဖေါင်းပွတာက ဒါနဲ့ မသက်ဆိုင် ပါဘူး"ဟု ဦးမောင်မောင်းဝင်းက ဆိုပါသည်။
ငွေကြေး ဖေါင်းပွစေသည့် အကြောင်းရင်းမှာ၊ စရိတ်များကြီးခြင်း၊ ၀ယ်လိုအားတွေ တက်ခြင်းနှင့် ကုန်ဈေးနှုန်း ကြီးမြင့်ခြင်း သည်သာ သက်ဆိုင်သည်ဟု ဆိုပါသည်။ ကျပ်တသောင်းတန် ထုတ်သည့် အရေ အတွက်သည်၊ ကျပ်(၅၀၀၀) ထုတ်စဉ်က အရေအတွက် အတိုင်း ကျစ်လစ်စွာ ထုတ်ဝေမည်ဟု ဗဟိုဘဏ် သတင်းအရ သိရပါသည်။

0 comments:

Post a Comment

Blogroll

Blogger news

q